OSI Model
The Open System Interconnection (OSI) Model သည် network ၏ ချိတ်ဆက် အလုပ်လုပ်ပုံကို အကျဉ်းချုံးဖော်ပြသည်။ နိုင်ငံတကာ စံသတ်မှတ်သည့် အဖွဲ့အစည်း (ISO) က အများသုံး protocol တွေ တီထွင်ဖို့အတွက် လမ်းပြမြေပုံအဖြစ် တည်ရှိစေရန် တီထွင်ဖန်တီးခဲ့ပါသည်။ OSI model သည် အညွှန်းအနေဖြင့် အသုံးပြုသည့် model တခုဖြစ်ပြီး protocol အများစုကို အသုံးပြုခြင်းမရှိတော့ပါ။ OSI model တွင် Layer ခုနှစ်ခု ပါရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Layer 7 – Application
End user တွေက အသုံးပြုသည့် application များအတွက် ဝန်ဆောင်မှုများဆောင်ရွက်ပေးသည်။
Layer 6 – Presentation
Application Layer အတွက် data format information များကို ထောက်ပံ့ပေးသည်။
Layer 5 – Session
User များအကြားရှိ အချိန်ကို စီစဉ်ဆောင်ရွက်ပေးသည်။
Layer 4 – Transport
Data Segment များကို သတ်မှတ်ပေးပြီး ၎င်းတို့ကို ပေးပိုသည့် နေရာမှာပဲ number တွေပေးကာ data တွေကို ပို့ဆောင်ပေးသည်။ လက်ခံရယူသည့်နေရာတွင် data များကို ပြန်လည်စုစည်းသည်။
Layer 3 – Network
အခြား network အတွင်းရှိ ကြားခံနယ်အဖြစ် ဆောင်ရွက်သော networking device များမှတဆင့် end-to-end delivery အတွက် packet များကို ပြုလုပ်ပြီး လိပ်စာတပ်ပေးသည်။
Layer 2 – Data Link
WAN device များအကြား နှင့် LAN အတွင့်းရှိ host-to-host delivery အတွက် frame များကို ဖန်းတီးပြီး လိပ်စာတပ်ပေးသည်။
Layer 1 – Physical
Device များအကြားရှိ ကြားခံနယ်ပေါ်တွင် binary data များကို လက်ဆင့်ကမ်းပို့ဆောင်ပေးသည်။ Physical Layer Protocol များသည် ကြားခံနယ်နှင့်ပါတ်သက်သည့် သတ်မှတ်ချက်များကို ပြုလုပ်ပေးသည်။
TCP / IP Model
TCP / IP သည်အများသုံး protocol တစ်ခုဖြစ်သည်။ TCP / IP ကို အကောင်အထည်ဖော်ခြင်းနှင့် စည်းမျဉ်းစည်းကမ်းများ ချမှတ်ခြင်းကို RFC အဖွဲ့ဝင်များက ပြုလုပ်ခဲ့သည်။ TCP / IP တွင် Model လေးခုရှိပါသည်။ ၎င်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။
Layer 4 – Application
အသုံးပြုသူများအား application များကို ဖော်ပြပေးသည်။
Layer 3 – Transport
Device များအကြားရှိ ချိတ်ဆက်မှုကို ပြုလုပ်ပေးပြီး အမှားပြင်ခြင်းကို ဆောင်ရွက်ပေးသည်။
Layer 2 – Internet
Network တလျောက် အကောင်းဆုံး သွားရာလမ်းကြောင်းကို ရှာပေးသည်။
Layer 1 – Network Access
Hardware device များနှင့် ကြားခံနယ်များကို ထိန်းချုပ်ပေးသည်။
OSI Model နှင့် TCP / IP Model နှိုင်းယှဉ်ချက်
7. Application | 4. Application |
6. Presentation |
|
5. Session |
|
4. Transport |
3. Transport |
3. Network | 2. Internet |
2. Data Link | 1. Network Access |
1. Physical |
What do you think?
Send us feedback!