1 / 3
amogtech
2 / 3
mhk
3 / 3
ccg


Network Protocol ဆိုသည်မှာ Network ပေါ်ရှိ Device များ တစ်ခုနှင့် တစ်ခု အပြန်အလှန်ဆက်သွယ်ရာတွင် အသုံးပြုသည့် ဘာသာစကားဖြစ်သည်။ ထိုသို့ Network Device များ အပြန်အလှန်ဆက်သွယ်ရာတွင် Network Protocol များသည် အောက်ပါ အချက်အလက်များကို သတ်မှတ်ပေးသည်။

    - Segment တစ်ခုစီအတွင်းသို့ Data ဘယ်လောက်များများထည့်သင့်သည် ကဲ့သိုသော စံချိန်စံညွှန်းများ
   - ဦးတည်ရာသို့သွားသည့် လမ်းကြောင်းနှင့်ပါတ်သက်၍ သတင်းအချက်အလက်များကို ကြားခံပစ္စည်းများကအချင်းချင်း မည်ကဲ့သို့ အပြန်အလှန် မျှဝေသင့်သည်ဆိုသည့် နည်းလမ်းများ
  - ကြားခံပစ္စည်းများအကြား အသစ် အသစ် ဖြစ်ပေါ်လာသည့် Message များကို ကိုင်သွယ်ဖြေရှင်းပေးမည့် နည်းလမ်းများ
  - Network Device များအကြား အပြန်အလှန်ဆက်သွယ်ရာတွင် စတင်ခြင်းနှင့် အဆုံးသတ်ခြင်းဆိုင်ရာ ဖြစ်စဉ်များ

Network Protocol နှင့်ပါတ်သက်သည့် ဥပမာတချို့အား အောက်တွင်ဖော်ပြထားသည်။

Hypertext Transfer Protocol (HTTP): HTTP သည် Web Server နှင့် Web အသုံးပြုသူများအကြား အပြန်အလှန် ပြုမူဆက်ဆံသည့် နည်းလမ်းများကို ထိန်းချုပ်လုပ်ဆောင်ပေးသော Protocol တစ်ခုဖြစ်သည်။

Transport Protocol: Transmission Control Protocol (TCP) သည် Web Server နှင့် Web အသုံးပြုသူများအကြား ဖြစ်ပေါ်ပြောင်းလဲမှုများကို ထိန်းချုပ်လုပ်ဆောင်ပေးသော Transport Protocol တစ်ခုဖြစ်သည်။ TCP သည် Http Message များအား ဦးတည်ရာသို့ ပို့ဆောင်ရန်အတွက် Segment လို့ခေါ်သည့် ပိုမိုသေးငယ်သော အပိုင်းအစများအဖြစ် ပြောင်းလဲပေးသည်။ ထို့ပြင် ၎င်းသည် Web Server နှင့် Web အသုံးပြုသူများအကြား သွားလာနေသော Message များ၏ အရွယ်အစားနှင့်  အချိုးအစားများကိုလည်း ထိန်းချုပ်လုပ်ဆောင်ပေးသည်။

Internet Protocol (IP): IP သည် TCP ထံမှ format ချထားသော Segment များကိုယူဆောင်ပြီး ၎င်းတို့အား Packet အဖြစ်ပြန်လည်လုပ်ဆောင်ပေးသည်။ ထို့နောက် သက်ဆိုင်ရာ လိပ်စာများပေး၍ အကောင်းဆုံးလမ်းကြောင်းကို ရွေးပြီး ဦတည်ရာသုုိ့ပို့ဆောင်ပေးသည်။

Network Access Protocols: Network Access Protocol များသည် အခြေခံလုပ်ဆောင်ချက်နှစ်ခုဖြစ်သော ကြားခံနယ်တွင်ရှိသည့် Data များ၏ data-link management နှင့် physical transmission များကို လုပ်ဆောင်ပေးသည်။ Data-Link Management Protocol များသည် IP ထံမှ Packet များကိုယူပြီး ၎င်းတို့အား ကြားခံနယ်ပေါ်တွင် ပြန်လည် လက်ဆင့်ကမ်းပို့ဆောင်ရန်အတွက် format ချပေးသည်။ Physical Media သည် ကြားခံနယ်ပေါ်ရှိ Signal များအားမည်ကဲ့သို့ပို့ဆောင်ရမည်ဆိုသည့်နည်းလမ်းနှင့် လက်ခံရယူသည့်ဘက်မှ မည်ကဲ့သို့ လက်ခံရယူသင့်သည် ဆိုသည့်နည်းလမ်းများကို ထိန်းချုပ်လုပ်ဆောင်ပေးသည်။


Share On: