Networking Device များသည် Network ပေါ်တွင် တစ်ခုနှင့်တစ်ခု ဆက်သွယ်ရန်အတွက် IP Address များ လိုအပ်ပါသည်။ IP Address နှစ်မျိုးရှိပါသည်။ ၎င်းတို့မှာ IP Version (4) နှင့် IP Version (6) တို့ဖြစ်ပါသည်။
IP4 Address
IP Address Version 4 တွင် Networking Device များသည် အောက်တွင်ဖော်ပြထားသည့် နည်းလမ်းသုံးခုထဲမှ တနည်းနည်းဖြင့် ဆက်သွယ်ဆောင်ရွက်ကြသည်။
Unicast: Networking Device တစ်ခု မှ Packet များကို အခြား Networking Device တစ်ခုသို့ ပေးပို့ခြင်းဖြင့် ၎င်း။
Multicast: Networking Device တစ်ခုမှ Packet များကို ရွေးချယ်ထားသော အုပ်စုတစ်စုမှ Networking Device များသို့ ပေးပို့ခြင်းဖြင့် ၎င်း။
Broadcast: Networking Device တစ်ခုမှ Packet များကို Network အတွင်းရှိ Networking Device အားလုံးကို ပေးပို့ခြင်းဖြင့် ၎င်း။
IPv4 တွင် Network တစ်ခု၏ အရွယ်အစားကို အောက်ပါအချက်အလက်များဖြင့် ခွဲခြားသတ်မှတ်သည်။
Network Address: Network ကို ကိုယ်စားပြုသည့် အထူးသတ်မှတ်ထားသည့် Network တစ်ခု
Subnet Mask: Subnet Mask သည် Networking Device တစ်ခုကိုပေးသော IP Address တစ်ခု၏ အပိုင်းအား သတ်မှတ်ရန်အတွက် IPv4 နှင့် တွဲသုံးသော 32-bit value တစ်ခုဖြစ်သည်။
Host Address: Network အတွင်းရှိ end device တစ်ခုကို သတ်မှတ်ပေးလိုက်သော Address တစ်ခုဖြစ်သည်။
Broadcast Address: Network အတွင်းရှိ Networking Device များ အားလုံးကို Data ပေးပို့ရန် အထူးသတ်မှတ်ထားသည့် Address တစ်ခုဖြစ်သည်။
ဥပမာ။ ။
Network Network Address Subnet Mask Host Range Broadcast Address
192.168.1.0/24 192.168.1.0 255.255.255.0 192.168.1.1 to 254 192.168.1.255
192.168.2.0/25 192.168.2.0 255.255.255.128 192.168.2.1 to 126 192.168.2.127
IPv4 Network Classes
Address Classes First Octet Range Prefix and Mask Number of Possible Networks Number of Hosts
A 1 to 127 /8 255.0.0.0 126 16,777,217
B 128 to 191 /16 255.255.0.0 16,382 65,534
C 192 to 223 /24 255.255.255.0 2,097,159 254
IPv4 Public and Private Addresses
IPv4 အများစုသည် Internet ပေါ်တွင် အသုံးပြု၍ရသော Network များတွင်အသုံးပြုရန်အတွက် သတ်မှတ်ထားသော Public Address များဖြစ်သော်လည်း Internet ပေါ်တွင် အသုံးပြု၍ မရသော IP Address များလည်းရှိပေသည်။ ၎င်းတို့ကို Private Address များဟုခေါ်သည်။
Private Address IP များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
Class A 10.0.0.0/8 (10.0.0.0 to 10.255.255.255)
Class B 172.16.0.0/12 (172.16.0.0 to 172.31.255.255)
Class C 192.168.0.0/16 (192.168.0.0 to 192.168.255.255)
Multicast Address 224.0.0.0/4 (224.0.0.0 to 239.255.255.255)
Multicast Transmission ကို IPv4 Network ၏ Bandwidth ကို ထိန်းသိမ်းဆောင်ရွက်ရန်အတွက် သတ်မှတ်ရေးသားထားခြင်းဖြစ်သည်။ ၎င်းသည် Network Device တစ်ခုမှ Packet များကို တခြား သတ်မှတ်ထားသော Network Device များကို တပြိုင်နက်တည်းပို့ဆောင်ခြင်းကို ခွင့်ပြုခြင်းအားဖြင့် Network လမ်းကြောင်း ရှုပ်ထွေးကြပ်တည်းမှုကို လျော့နည်းစေသည်။ Unicast Communication ကို အသုံးပြုပြီး Networking Device မှ Packet များကို အခြား Networking Device များကို ပို့ဆောင်မည်ဆိုပါက အကြိမ်ပေါင်းများစွာ ပို့ဆောင်ရန်လိုအပ်သော်လည်း Multicast Communication ကို အသုံးပြုခြင်းအားဖြင့် ထိုသို့လုပ်ဆောင်ရန်မလိုအပ်ပေ။ ထောင်ပေါင်းများစွာသော Networking Device များကို တစ်ကြိမ်တစ်ခါတည်းဖြင့် ပို့ဆောင်နိုင်ပေသည်။
Experimental Address 240.0.0.0/4 (240.0.0.0 to 255.255.255.254)
Experimental Address များသည် အနာဂါတ်တွင် အသုံးပြုရန်အတွက် ချန်လှပ်ထားသော Address များဖြစ်သည်။ လိုအပ်မည်ဆိုပါက Internet ပေါ်တွင် အသုံးပြု၍ရသော Address များအဖြစ် ပြောင်းလဲသတ်မှတ်နိုင် ပေသည်။ ယခုလောလောစဉ်မှာတော့ IPv4 Network များတွင် အသုံးပြု၍ မရနိုင်သေးပါ။ သို့သော်လည်း ၎င်းတို့်ကို သုသေသနလုပ်ငန်းများတွင် အသုံးပြုသည်။
Default Route 0.0.0.0/8 (0.0.0.0 to 0.255.255.255)
Packet များကို ပို့ဆောင်ရန်အတွက် သတ်မှတ်ထားသော လမ်းကြောင်းမရှိသည့်အချိန်တွင် Route to Route ပို့ဆောင်ရန်အတွက် Default Route ကို အသုံးပြုသည်။
Loopback Address 127.0.0.0/8 (127.0.0.0 to 127.255.255.255)
Networking device များ ၎င်းတို့ကိုယ်တိုင် ၎င်းတို့ဘာသာ ပေးသော Address ဖြစ်သည်။
Link-Local Address 169.254.0.0/16 (169.254.0.0 to 169.254.255.255)
ဤ link-local address များသည် IP Configuration ပြုလုပ်၍မရသော အခြေအနေများတွင် Operating System က Local host များကို အလိုအလျောက် သတ်မှတ်ပေးသော Address များဖြစ်သည်။
Test-Net Address 192.0.2.0 /24 (192.0.2.0 to 192.0.2.255)
၎င်း Address များကို သင်ကြားရေးလုပ်ငန်းများတွင် အသုံးပြုသည်။
What do you think?
Send us feedback!