ကျနော်တို့ computer တွေမှာ driver စုံသော်လည်း တခါတရံ Windows Screen က သာမာန်ထက်ကြီးနေတာ သို့မဟုတ် သေးနေတတ်ပါသည်။ ထိုသို့ဖြစ်ရသည်မှာ ကျနော်တို့ computer ၏ resolution ကြောင့်ဖြစ်နိုင်ပါသည်။ Windows 10 တွင် resolution ပြောင်းပုံပြောင်းနည်းကို အောက်တွင်ဖော်ပြထားသည်။
၁။ Windows screen ပေါ်တွင် right click နှိပ်ပြီး အောက်ပါပုံတွင်ပြထားသည့်အတိုင်း display settings ကိုနှိပ်ပါ။
၂။ Advance display settings ကို နှိပ်ပါ။ ထို့နောက် အောက်ပါ screen ပေါ်လာလိမ့်မည်။
၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း သင်၏ computer နှင့် ကိုက်ညီသော resolution ကို ရွေးပြီး Apply ကို နှိပ်ပါ။
What do you think?
Send us feedback!