1 / 4
Computer Service
2 / 4
Networking Service
3 / 4
Web Development Service
4 / 4
Software Development Service


တခါတရံတွင် ကျနော်တို့တတွေ အကြောင်းအမျိုးမျိုးကြောင့် computer ၏ user account password များကို ပြောင်းလဲဖို့လိုအပ်ပါတယ်။ အောက်တွင်မိမိတို့ computer အတွင်းရှိ user account များ၏ password ပြောင်းလဲပုံကို ဖော်ပြထားသည်။

၁။ Windows Key နှင့် R Key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာပါလိမ့်မည်။

၂။ Run Box ထဲမှာ control လို့ ရိုက်ထည့်ပါ။ Control Panel ပေါ်လာလိမ့်မည်။

၃။ User Accounts ကိုနှိပ်ပါ။ ထို့နောက် ပေါ်လာသည့် User Accounts ကို ထပ်နှိပ်ပါ။ အောက်ပါ screen ပေါ်လာလိမ့်မည်။

 

၄။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Manage Another Account ကို နှိပ်ပါ။ အောက်ပါ screen ပေါ်လာလိမ့်မည်။

 ၅။ မိမိ Password ပြောင်းလိုသော Account ကို နှိပ်ပါ။ အောက်ပါ screen ပေါ်လာလိမ့်မည်။

၆။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း သင်အနေဖြင့် computer ၏ account name ၊ password နှင့် account type  တို့ကို ပြောင်းလဲနိုင်သည့်အပြင် သင် ပြုလုပ်ထားသော account ကိုလည်း ပြန်လည်ဖျက်ပစ်နိုင်သည်။


Share On:

What do you think?

Send us feedback!