၁။ Windows key နှင့် R key ကို တပြိုင်နက်တည်း နှိပ်ပါ။
၂။ Run Box ပေါ်လာသည့်အခါ cmd လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။
၃။ Command prompt box ပေါ်လာသည့်အခါ ipconfig /all လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။
၄။ ထို့နောက် အောက်ပါ screen ပေါ်လာလိမ့်မည်။
၅။ အထက်ပါပုံတွင် ပြထားသည့်အတိုင်း IPv4 address ၊ Subnet Mask ၊ Default Gateway နှင့် DNS Servers တို့ကို တွေ့့ရမည်။
၆။ သင်၏ Network အတွင်းရှိ computer များ တခုနှင့်တခု IP address များ မတူညီနေရန် နှင့် Subnet Mask ၊ Default Gateway ၊ DNS Server များ မမှားစေရန် ဂရုပြုရပေမည်။
၇။ အဆင့်(၆) တွင် ဖော်ပြထားသည့်ထဲမှ တခုခု မှားယွင်းနေပါက သင့်အနေဖြင့် အင်တာနက် အသုံးပြုနိုင်မည် မဟုတ်ပေ။
၈။ အဆင့် (၆) တွင် ဖော်ပြထားသည် ဖော်ပြချက် အားလုံး မှန်နေသော်လည်း သင့်အနေဖြင့် အင်တာနက်မရရှိဘူးဆိုပါက သင့် ISP ၏ မှားယွင်းမှု သို့မဟုတ် Router ၊ Switch ၊ Access Point တို့တွင် error တက်နေမှု သို့မဟုတ် သင့် Network Administrator က သင့်ကို အင်တာနက်အသုံးပြုခွင့် ပိတ်ပင်ထားခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။
(အထက်ပါပုံသည် ဥပမာမျှသာဖြစ်သည်။ တယောက်နှင့်တယောက် အချက်အလက်များ ကွဲပြားနိုင်သည်။
What do you think?
Send us feedback!