1 / 3
amogtech
2 / 3
mhk
3 / 3
ccg


Hard Disk အမျိုးအစား အများကြီးရှိပါသည်။ ၎င်းတို့ထဲက တချို့ကိုအောက်တွင်ဖော်ပြထားသည်။

IDE : Integrated Device Electronic. PATA လို့လဲ သိကြပါသည်။

PATA : Parallel Advance Technology Attachment

Desktop ကွန်ပျူတာများတွင် တွေ့ရတတ်သည်။ သို့သော် ယနေ့ခေတ်တွင် သိပ်မသုံးတော့ပါ။

 

SATA : Serial Advance Technology Attachment

Laptop ၊ Desktop နှင့် Server များတွင် အသုံးများသည်။

 

SAS : Serial Attached SCSI

SCSI : Small Computer System Interface

အများအားဖြင့် Server များတွင် တွေ့ရတတ်သည်။

 

SSD : Solid State Disk

အများ အားဖြင့် Server များနှင့် Laptop ကွန်ပျူတာများတွင်တွေ့ရသည်။

 

Windows Computer တွင် Hard Disk ကို သန့်ရှင်းရေးပြုလုပ်ခြင်း

ကျနော်သို့အနေနဲ့ computer ကို အလုပ် လုပ်ရာတွင် နှေးကွေးစေသည့် system error memory dump file များကို ရှင်းပေးနိုင်ပါသည်။ ရှင်းလင်းပုံ ရှင်းလင်းနည်းကို အောက်တွင်ဖော်ပြထားသည်။

၁။ Windows နှင့် R Key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာပါလိမ့်မည်။

၂။ cleanmgr.exe လို့ ရိုက်ထည့်ပါ။

၃။ မိမိ သန့်ရှင်းရေးပြုလုပ်ချင်သည့် drive ကို ရွေးချယ်ပြီး Ok နှိပ်ပါ။

၄။ ဖိုင် အားလုံး သို့မဟုတ် မိမိ ဖျက်လိုသည့် ဖိုင်များကို ရွေးချယ်ပြီး Ok နှိပ်ပါ။

၅။ ထို့နောက် Delete Files ကိုနှိပ်ပါ။

 

Disk ကို စစ်ဆေးခြင်း

၁။ Command Prompt ကိုသွားပါ။

၂။ Right click နှိပ်ပြီး Administrator အဖြစ် Run ပါ။

၃။ Command Prompt ထဲတွင် chkdsk လို့ရိုက်ထည့်ပြီး Enter နှိပ်ပါ။

ထို့နောက် System က disk ကို စစ်ဆေးပေးပါလိမ့်မည်။

 

Disk Management ပြုလုပ်ခြင်း

ကျနော်တို့အနေဖြင့် Windows ကွန်ပျူတာများတွင် disk management command ကို အသုံးပြုပြီး partition အသစ်ပြုလုပ်ခြင်း ၊ ရှိပြီးသား partition ကို ဖျက်ခြင်း နှင့် drive name ပြောင်း လဲခြင်းတို့ကို ပြုလုပ်နိုင်ပါသည်။ Disk management ပြုလုပ်ပုံ၊ ပြုလုပ်နည်းကို အောက်တွင်ဖော်ပြထားသည်။

၁။ Windows နှင့် R Key ကို တပြိုင်နက်တည်း နှိပ်ပါ။ Run Box ပေါ်လာလိမ့်မည်။

၂။ Run Box ထဲတွင် diskmgmt.msc လို့ရိုက်ထည့်ပြီး Ok ကို နှိပ်ပါ။

ထို့နောက် disk ကို မိမိတို့ လိုအပ်သလို manage ပြုလုပ်နိုင်ပါသည်။

 

New partitions သို့မဟုတ် volumes ပြုလုပ်ခြင်း

၁။ မိမိ partition ပြုလုပ်လိုသော drive ကို နှိပ်ပါ။

၂။ Right click ထောက်ပြီး Shrink Volume ကိုနှိပ်ပါ။

၃။ မိမိ လိုအပ်သော space ပမာဏ ကို ရိုက်ထည့်ပါ။

၄။ Shrink ကို နှိပ်ပြီး ခဏစောင့်ပါ။

၅။ unallocated space ဆိုပြီး ပေါ်လာပါလိမ့်မည်။ ၎င်းကို နှိပ်ပါ။

၆။ right click ထောက်ပြီး New Simple Volume ကို နှိပ်ပါ။

၇။ Next ကို နှိပ်ပါ။ ထို့နောက် Next ကို ထပ်နှိပ်ပါ။

၈။ မိမိပေးလိုသော Drive Letter ကို ရွေးပြီး Next ကို နှိပ်ပါ။

၉။ File system (FAT သို့မဟုတ် NTFS) ကို ရွေးပြီး Volume Label မှာ မိမိပေးလိုသော နာမည်ပေးပါ။

၁၀။ Next နှင့် Finish ကို နှိပ်ပါ။

ယခု ကျနော်သို့ new volume သို့မဟုတ် new partition ကို ပြုလုပ်ပြီးသွားပါပြီ။

 

ရှိပြီးသား partition သို့မဟုတ် volume ကို ဖျက်ခြင်း

၁။ မိမိ ဖျက်လိုသော partition ကို Right Click ထောက်ပြီး Delete ကိုနှိပ်ပါ။


Share On:

What do you think?

Send us feedback!