1 / 3
amogtech
2 / 3
mhk
3 / 3
ccg


တခါတရံမှာ ကျနော်တို့အနေနဲ့ Network အတွင်းမှာရှိသည့် user များကို manage လုပ်ရန်အတွက် computer များ၌ ip address ကို manually ပေးရန်လိုအပ်သည်။

ဘာကြောင့် ip address များကို manually ပေးသင့်သလဲ။

ဥပမာအားဖြင့် တချို့ကုမ္ပဏီများနှင့် အဖွဲ့အစည်းများတွင် ဝန်ထမ်းတချို့ကို အကန့်အသတ်မရှိ အသုံးပြုခွင့်ပေးထားသော်လည်း၊ bandwidth management အတွက် တချို့ကို Facebook နှင့် တချို့ကို Youtube ပေးမသုံးပါဘူး။ သင့်အနေဖြင့် computer ၌ ip address ကို manually ပေးထားခြင်းအားဖြင့် bandwidth နှင့် traffic management ကို အလွယ်တကူပြုလုပ်နိုင်သည်။ တချို့router နှင့် access point များမှာ ip address management လုပ်ရာတွင် computer ၌ ip address ကို manually ပေးစရာမလိုဘဲ ၎င်းတို့ထဲကပင် ပြုလုပ်နိုင်သည်။ ဒီ post မှတော့ ကျနော့်အနေဖြင့် computer များကို ip address manually ပေးပုံပေးနည်းကို ပြောပြမှာဖြစ်ပါသည်။

၁။ Windows နှင့် R key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာပါလိမ့်မည်။

၂။ Run Box ထဲတွင် ncpa.cpl လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အောက်ပါ windows ပေါ်လာလိမ့်မည်။

 

 

၃။ သင့်အနေဖြင့် WiFi အသုံးပြုတယ်ဆိုရင် Wi-Fi button ကို right click ထောက်ပြီး properties ကိုရွေးပါ။

    သင့်အနေဖြင့် Cable အသုံးပြုတယ်ဆိုရင် Ethernet ကို right click ထောက်ပြီး properties ကိုရွေးပါ။

၄။ Internet Protocol Version 4 (TCP / IP 4) ကို ရွေးပြီး properties ကို နှိပ်ပါ။

၅။ Use the following IP address option ကို ရွေးပြီး IP address ၊ Subnet mask ၊ Default gateway နှင့် DNS server တို့တွင် ဖြည့်ပြီး ok နှိပ်ပါ။ ဥပမာကို အောက်ပါပုံတွင်ပြထားသည်။

 


Share On:

What do you think?

Send us feedback!