1 / 3
amogtech
2 / 3
mhk
3 / 3
ccg


Windows တွင် component services ကို အသုံးပြုရန်အတွက်

၁။ Windows နှင့် R Key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာလိမ့်မည်။

၂။ Run Box ထဲတွင် comexp.msc လို့ ရိုက်ထည့်ပြီး Ok နှိပ်ပါ။ Component services windows ပေါ်လာလိမ့်မည်။

Event Viewer ၌ မိမိတို့ computer တာတွင် ဖြစ်ပွားသော အဖြစ်အပျက်အားလုံးကို စစ်ဆေးကြည့်ရှု့နိုင်ပါသည်။

Services ၌ မိမိတို့ computer ၌ အလုပ်လုပ်နေသော service များကို စတင်ခြင်းနှင့် ရပ်ဆိုင်းခြင်းများကို ပြုလုပ်နို်င်သည်။ service အများစုသည် computer စဖွင့်သည်နှင့်တပြိုင်နက် စတင် အလုပ်လုပ်သည်။ Service မြောက်များစွာ တပြိုင်နက်တည်း အလုပ် လုပ်ခြင်းသည် computer ကို နှေးကွေးစေသည်။ ထို့ကြောင့် မလိုအပ်သည့် service များကို ရပ်ဆိုင်းထားသင့်သည်။ တချို့service များမှာ အလုပ် လုပ်ဖို့ လိုအပ်သော်လည်း ရပ်ဆိုင်းနေတတ်သည်။ ဥပမာ ၊ antivirus software လို ဟာမျိုးပေါ့။ ထိုအခါ ရပ်ဆိုင်းနေသော service များကို စတင်ခြင်းပြုလုပ်သင့်သည်။ Windows computer ၌ service များ စတင်နည်း နှင့် ရပ်ဆိုင်းနည်းကို အောက်တွင် ဖော်ပြထားသည်။

၁။ ဘယ်ဘက် အခြမ်းတွင်ရှိသော services ကို နှိပ်ပါ။

၂။ အလည်တွင်ရှိသော service များထဲမှ သင် စတင်လိုသော သို့မဟုတ် ရပ်ဆိုင်းလိုသော service ကို double click နှိပ်ပါ။

၃။ Startup Type တွင် သင့်အနေဖြင့် Automatic (Delayed Start) ၊ Automatic ၊ Manual နှင့် Disabled တို့ကို လိုအပ်သလို ရွေးခြယ်နိုင်သည်။

၄။ Start သို့မဟုတ် Stop ကို နှိပ်ပြီး Apply နှင့် Ok ကို နှိပ်ပါ။


Share On: