Windows တွင် Computer Management Service အသုံးပြုရန်
၁။ Windows နှင့် R Key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာလိမ့်မည်။
၂။ Run Box ထဲတွင် compmgmt.msc လို့ရိုက်ထည့်ပြီး Ok နှိပ်ပါ။
ထို့နောက် Computer Management Windows ပေါ်လာလိမ့်မည်။
Computer Management Windows တွင် Task Scheduler ၊ Event Viewer ၊ Shared Folders ၊ Performance ၊ Device Manager နှင့် Disk Management တို့ ရှိသည်။
Task Scheduler
လုပ်ငန်း အသစ်များ ဖန်တီးခြင်းနှင့် အစီအစဉ်ချခြင်းတို့ ပြုလုပ်နိုင်သည်။
Event Viewer
Computer ၌ ဖြစ်ပေါ်လျက်ရှိသော အဖြစ်အပျက်များကို ကြည့်ရှု့စစ်ဆေးနိုင်သည်။
Performance
CPU ၊ Memory ၊ Disk နှင့် Network တို့ကို စစ်ဆေး ကြည့်ရှု့နိုင်သည်။ အလည်ဘက်ခြမ်းတွင်ရှိသော Open Resource Monitor ကို နှိပ်ပါ။ အောက်ပါ windows ပေါ်လာလိမ့်မည်။
လျင်မြန်ပြီး ကောင်းမွန်သည့် computer တစ်လုံးဖြစ်ဖို့ရန် System Board ၊ CPU ၊ Memory နှင့် Hard Disk တို့သည် ကောင်းမွန်သည့် အခြေအနေတွင် ရှိနေရပါမည်။ ၎င်းတို့ထဲက တခုခု ချို့ယွင်းနေပါက သင်၏ computer သည် ကောင်းမွန်စွာ အလုပ် လုပ်နို််င်မည် မဟုတ်ပါ။ ထို့ကြောင့် ကျနော်တို့အနေဖြင့် CPU ၊ Memory နှင့် Hard Disk တို့ကို စစ်ဆေးသင့်သည်။
Device Manager
Driver အားလုံး up to date ဖြစ် ၊ မဖြစ်နှင့် မှန်မှန်ကန်ကန် အလုပ် လုပ်ခြင်း ရှိ ၊ မရှိ စစ်ဆေးနိုင်သည်။
Disk Management
Partition အသစ်ပြုလုပ်ခြင်း နှင့် ဖျက်ပစ်ခြင်းတို့ ပြုလုပ်နိုင်သည်။
What do you think?
Send us feedback!