1 / 3
amogtech
2 / 3
mhk
3 / 3
ccg


အသုံးပြု၍ကောင်းသော pdf reader တချို့ကို အောက်တွင်ဖော်ပြထားပါသည်။

 

၁။ Adobe Acrobat Reader

Adobe Acrobat Reader သည် အလကား အသုံးပြုနိုင်သည့် freeware တစ်ခုဖြစ်ပါသည်။ သင့်အနေဖြင့် သင်၏ computer တွင် မည်သည့် pdf reader မှ install မလုပ်ရသေးဘူး ပြီးလျှင် အလကားအသုံးပြု၍ရသည့် pdf reader တစ်ခုကို ရှာနေသည်ဆိုပါက adobe acrobat reader ကို အသုံးပြုသင့်ပါသည်။ download ပြုလုပ်ချင်ပါက ဒီမှာ နှိပ်ပြီး download ပြုလုပ်နိုင်ပါသည်။ 

 

၂။ Adobe Acrobat Pro

Adobe Acrobat Pro တွင် pdf ဖိုင်များကို ဖြည့်စွပ်နိုင်ခြင်း ၊ pdf ဖိုင်များကို ပေါင်းစပ်နိုင်ခြင်း ၊ pdf ဖိုင်များကို (word ၊ excel ၊ power point) file များအဖြစ်သို့ ပြောင်းလဲနိုင်ခြင်း ၊ print ထုတ်နိုင်သည့် file များကို pdf ဖိုင်အဖြစ်သို့ပြောင်းလဲနိုင်ခြင်း နှင့် လက်မှတ်များ ထည့်သွင်းနိုင်ခြင်း အစရှိသည့်အသုံးပြုနိုင်သော feature မြောက်များစွာပါဝင်ပါသည်။ သို့သော ၎င်းသည် အလကားအသုံးပြုနိုင်သည့် software တစ်ခုမဟုတ်ပါ။ free trial အဖြစ် သတ်မှတ်ကာလအတွင်း အသုံးပြုနိုင်သည်။ free trial ကာလပြီး၍ ဆက်လက်အသုံးပြုလိုပါက လိုင်စင်ကြေးပေး၍ အသုံးပြုနိုင်ပါသည်။ ဆက်လက်အသုံးမပြုလိုပါက uninstall ပြုလုပ်နိုင်ပါသည်။ download ပြုလုပ်ချင်ပါက ဒီမှာ နှိပ်ပြီး download ပြုလုပ်နိုင်ပါသည်။

 

၃။ Nitro PDF

Nitro PDF ကို free trial အဖြစ်အသုံးပြုနိုင်ပါသည်။ သို့သော် ၎င်းသည် အလကားအသုံးပြု၍ရသော freeware တစ်ခုမဟုတ်ပါ။ Adobe Acrobat Pro မှာကဲ့သို့ပင် မြောက်များစွာသော feature များပါဝင်ပါသည်။ download ပြုလုပ်ချင်၍ သို့မဟုတ် အသေးစိပ်သိရှိလိုပါက ဒီမှာ နှိပ်ပါ။ 


Share On:

What do you think?

Send us feedback!