Word ၊ Excel နှင့် PowerPoint တို့သည် Windows အသုံးပြုသူတစ်ယောက်အတွက် မရှိမဖြစ်သော အခြေခံ application များဖြစ်ပါသည်။ ၎င်း file များကို အောက်ပါ software များ အသုံးပြုပြီး ပြုလုပ်နိုင်ပါသည်။
၁။ Microsoft Office
Microsoft Office နှင့်ပါတ်သက်၍ windows အသုံးပြုသူတိုင်း သိရှိပြီးပြီလို့ထင်ပါသည်။ ၎င်းသည် windows အသုံးပြုသူတစ်ယောက်အတွက် မရှိမဖြစ်သော အခြေခံ software တစ်ခုဖြစ်ပါသည်။ ၎င်းတွင် Word ၊ Excel ၊ PowerPoint ၊ Outlook နှင့် One Note အစရှိသည့် မြောက်များစွာသော feature များ ပါဝင်ပါသည်။
၂။ WPS Office
WPS Office ကို operating system အမျိုးမျိုးတွင် အသုံးပြုနိုင်သည်။ ၎င်းတွင် version သုံးမျိုးရှိပါသည်။
၁။ WPS Office Free
၂။ WPS Office Premium
၃။ WPS Office Business
သင်၏ computer တွင် Word ၊ Excel နှင့် PowerPoint တို့အတွက် မည့်သည့် software မှ install မလုပ်ရသေးဘူး ပြီးတော့ အလကားအသုံးပြုလို့ရသည့် office software တစ်ခု ရှာနေသည်ဆိုပါက WPS Office Free ကို စမ်း၍အသုံးပြုကြည့်သင့်ပါသည်။ ၎င်းကိုအသုံးပြုပြီး pdf file များကို ပေါင်းစပ်ခြင်း နှင့် pdf file များကို (Word ၊ Excel ၊ PowerPoint) file များသို့ပြောင်းလဲခြင်း အစရှိသ၍ မြောက်များစွာသော function များကိုလဲ ပြုလုပ်နိုင်ပါသေးသည်။ download ပြုလုပ်ချင်ပါက ဒီမှာ နှိပ်ပြီး download ပြုလုပ်နိုင်ပါသည်။
What do you think?
Send us feedback!