တခါတရံ ကျနော်တို့ computer ကို အကြောင်းအမျိုးမျိုးကြောင့် shutdown button ဖြင့် shutdown လုပ်၍မရဖြစ်တတ်ပါသည်။ ထိုအချိန်မျိုးတွင် ကျနော်တို့ အနေဖြင့် command prompt ကို အသုံးပြုပြီး shutdown ပြုလုပ်သင့်ပါသည်။ သင်၏ computer ကို command prompt ဖြင့် shutdown ပြုလုပ်ရန် အောက်ပါ အချက်များအတိုင်းလိုက်လံဆောင်ရွက်ပါ။
၁. Windows button နှင့် S key ကို တွဲနှိပ်ပါ။
၂. Search Box ထဲတွင် cmd လို့ရိုက်ထည့်ပါ။
၃. "Run as Administrator" ကိုနှိပ်ပြီး Yes ကို နှိပ်ပါ။
၄. Command Prompt ထဲတွင် shutdown -s -t 0 လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။
What do you think?
Send us feedback!