1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကျနော်တို့တတွေ တခါတရံ အရေးကြီးသည့် လုပ်ငန်း လုပ်နေသည့် အချိန်မျိုး သို့မဟုတ် ရုံးဆင်းချိန် အိမ်ပြန်ရန် computer ပိတ်သည့် အချိန်မျိုးတွင် widows update ဖြစ်နေတာမျိုး ကြုံဖူးတတ်ပါသည်။ ထိုသို့မဖြစ်စေရန်အတွက် windows auto update ကို ပိတ်ထားရန်လိုအပ်ပါသည်။ Windows 10 တွင် auto update ပိတ်နည်းကို အောက်တွင် ဖော်ပြထားသည်။

 

Command ဖြင့် ပိတ်နည်း

၁။ command prompt ကို administrator အနေဖြင့် ဖွင့်ပါ။

၂။ ထို့နောက် net stop wuauserv လို့့ရိုက်ထည့်ပြီး enter ခေါက်ပါ။

၃။ net stop bits လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။

၄။ net stop dosvc လို့ ရိုက်ထည့်ပြီး enter ခေါက်ပါ။

 

Task Manager ကနေ ပိတ်နည်း

၁။ Control + Alt + Del ကို တပြိုင်နက်တည်း နှိပ်ပါ။ Task Manager Windows ပေါ်လာလိမ့်မည်။

၂။ Service Tab ကို နှိပ်ပြီး Windows ၏ ဘယ်ဘက်အောက် ဒေါင့်နားတွင်ရှိသည့် open service ကို ထပ်နှိပ်ပါ။

၃။ Windows update ကို ရှာပြီး double click နှိပ်ပါ။

၄။ Properties Box ပေါ်လာသည့်အခါ manual သို့မဟုတ် disabled ကိုရွေးပြီး apply နှင့် ok ကို နှိပ်ပါ။

၅။ Background Intelligent Transfer Service နှင့် Delivery Optimization တို့တွင်လည်း အဆင့် ၃ နှင့် ၄ တွင် ပြုလုပ်သည့်အတိုင်း လုပ်ဆောင်ပါ။


Share On:

What do you think?

Send us feedback!