1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကျနော်တို့အနေဖြင့် Google ၊ Yahoo နှင့် Outlook ကဲ့သို့သော အများသုံး Email များကို ဝန်ဆောင်ကြေးပေးစရာမလိုဘဲ အလကား အသုံးပြုနိုင်ပါသည်။ သို့သော် အများသုံး Email များကိုအသုံးပြုခြင်းသည် ကိုယ်ပိုင် Email အသုံးပြုခြင်းလောက် ကောင်းမွန် လုံခြုံမှု မရှိပါ။ အဘယ်ကြောင့်ဆိုသော် လူသန်းပေါင်းများစွာသည် အများသုံး Email များကို အလကား အသုံးပြုနေကြသည်။ ထို့ကြောင့် တစ်ယောက်ချင်းစီကို စိစစ်မှု မပြုလုပ်ပေးနိုင်ပါ။ ကိုယ်ပိုင် Email များကို အသုံးပြုခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးများကို ရရှိနိုင်ပါသည်။

 

၁. လုံခြုံမှု

ကျနော်တို့အနေဖြင့် အများသုံး Email တွေမှာလည်း Spam Mail တွေကို Filter လုပ်လို့ရသော်လည်း အများသုံး Email ဖြစ်နေသဖြင့် ၁၀၀ ရာခိုင်နှုန်းတော့ ရနိုင်မှာမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းသုံး Email များကို အသုံးပြုခြင်းဖြင့် Server ကနေပြီးတော့လည်း Filter လုပ်လို့ရပါသည်။ ထို့အပြင် ကိုယ်ပိုင် Encryption တွေလည်းပြုလုပ် အသုံးပြုနိုင်ပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ စီးပွားရေးလုပ်ငန်းသုံး Email များကို အသုံးပြုခြင်းသည် ပို၍လုံခြုံပါသည်။

 

၂. Email အမည်များ

ကျနော်တို့အနေဖြင့် အများသုံး Email များကို အသုံးပြုခြင်းဖြင့် ကျနော်တို့ လိုချင်သည့် Email အမည်များကို ရနိုင်မည်မဟုတ်ပါ။ ဥပမာ ၊ This email address is being protected from spambots. You need JavaScript enabled to view it.

စီးပွားရေးလုပ်ငန်းသုံး Email များကို အသုံးပြုခြင်းဖြင့် လူကြီးမင်းတို့ အလိုရှိသည့် Email နာမည်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဥပမာ ၊ This email address is being protected from spambots. You need JavaScript enabled to view it.

 

၃. မိမိတို့ Customer များ၏ အထင်ကြီးလေးစားမှု

ကျနော်တို့အနေဖြင့် စီးပွားရေးလုပ်ငန်းများတွင် အများသုံး Email များကို အသုံးပြုခြင်းသည် မသင့်လျော်ပါ။

စီးပွားရေးလုပ်ငန်းများတွင် စီးပွားရေးလုပ်ငန်းသုံး Email များကို အသုံးပြုခြင်းဖြင့် Customer များ၏ အထင်ကြီးလေးစားမှုကို ရယူခြင်းသည်သာ အကောင်းမွန်ဆုံး အလေ့အထဖြစ်ပါသည်။

 

ကျနော်တို့အနေဖြင့် စီးပွားရေးလုပ်ငန်းသုံး Email များကို မည်ကဲ့သို့ ရရှိနိုင်သနည်း။

၁။ Google က စီးပွားရေးလုပ်ငန်းသုံး Email များအတွက် Google Suite ဆိုပြီး ပြုလုပ်ပေးထားသည်။

၂။ Microsoft က စီးပွားရေးလုပ်ငန်းသုံး Email များအတွက် Office 365 ဆိုပြီး ပြုလုပ်ပေးထားသည်။

၃။ စီးပွားရေးလုပ်ငန်းသုံး Email များအတွက် ကိုယ်ပိုင် Exchange Server ထားရှိပြီး အသုံးပြုနိုင်သည်။ ကုန်ကျစားရိတ်များသဖြင့် small business များအတွက် မသင့်လျော်ပါ။

၄။ အကောင်းဆုံးနှင့် အသက်သာဆုံးနည်းလမ်းမှာ POP3 ၊ IMAP နှင့် SMTP ပါဝင်သည့် Webmail ကို အသုံးပြုခြင်းပင်ဖြစ်ပေသည်။


Share On:

What do you think?

Send us feedback!