1 / 3
amogtech
2 / 3
mhk
3 / 3
ccg


Gmail ကို Microsoft Outlook ၌ ထည့်သွင်းအသုံးမပြုမီ Gmail တွင် Setting တချို့အားပြောင်းလဲရန်လိုအပ်ပါသည်။

၁။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Gmail account ကိုနှိပ်ပြီး Manage your Google Account ကို ထပ်နှိပ်ပါ။

 

၂။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Security ကိုနှိပ်ပြီး   2-Step Verification ကို off ပေးပါ။

 

၃။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Less secure app access ကို on ပေးပါ။

 

၄။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း settings ကို နှိပ်ပြီး settings ကို ထပ်နှိပ်ပါ။ Enable POP ကို select ပေးပြီး Save Changes ကို နှိပ်ပါ။

 

၅။ Microsoft outlook application ကိုဖွင့်ပြီး အထက်ပါပုံတွင်ပြထားသည့်အတိုင်း Manual setup or additional server types ကို select ပေးပါ။ ထို့နောက် Next ကိုနှိပ်ပါ။

 

၆။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း POP or IMAP ကို select ပေးပြီး Next ကို နှိပ်ပါ။

 

၇။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Your Name, Your Email Address, Incoming Server, Outgoing Server, Username နှင့် Password တို့ကိုဖြည့်ပြီး More Settings ကို နှိပ်ပါ။

 

၈။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Outgoing Server Tab အောက်တွင်ရှိသော My outgoing server (SMTP) requires authentication နှင့် Use same setting as my incoming server တို့ကို select ပေးပြီး Advanced ကို နှိပ်ပါ။

 

၉။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း field အားလုံးတွင်ဖြည့်ပြီး Ok ကို နှိပ်ပါ။

 

၁၀။ အထက်ပါပုံတွင်ပြထားသည့်အတိုင်း Test Account Settings ကိုနှိပ်ပါက အားလုံးမှန်မှန်ကန်ကန် အလုပ် လုပ်တာကိုတွေ့ရပါလိမ့်မည်။ Close ကို နှိပ်ပြီး Next ကို ဆက်နှိပ်ပါ။ အထက်ပါပုံကို ဆက်လက်တွေ့ရှိရမည်ဖြစ်သည်။ Close ကို နှိပ်ပြီး Finish ကို နှိပ်ပါ။ ယခု သင်သည် သင်၏ Gmail account ကို Microsoft outlook တွင် အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။


Share On:

What do you think?

Send us feedback!