Namp သည် Network Discovery Tool များထဲမှ အလကားအသုံးပြုလို့ရသော Tool တစ်ခုဖြစ်သည်။ Nmap တွင် Target Specification ၊ Host Discovery နှင့် Scan Technique ကဲ့သို့သော Feature များစွာ ပါဝင်သည်။ ကျနော်တို့အနေဖြင့် Nmap ကို အသုံးပြုပြီး website အလုပ် လုပ် ၊ မလုပ် လည်း စစ်ဆေးနိုင်သည်။ ဒီဥပမာတွင် Nmap ၏ အလုပ်လုပ်ပုံ တချို့ကို ဖော်ပြထားသည်။
Ubuntu တွင် Nmap ကို install လုပ်ပုံ
Terminal အသစ် တစ်ခုဖွင့်ပြီး sudo apt-get install nmap လို့ ရိုက်ထည့်ပါ။ Software install လုပ်ပြီးသည်ထိ စောင့်ပါ။
၁။ List Scan (-sL) ကို အသုံးပြုခြင်း
၏Terminal အသစ်တစ်ခုဖွင့်ပြီး nmap –sL domain name (ဥပမာ၊ nmap -sL tnw87.com) လို့ ရိုက်ထည့်ပါ။ ထို့နောက်သင်ရိုက်ထည့်လိုက်သော domain ၏ ip address တွေ့ရလိမ့်မည်။ မတွေ့ရပါက သင်စစ်ဆေးနေသော domain တွင် error တစ်ခုခု ရှိနေသောကြောင့်ဖြစ်ပေလိမ့်မည်။
၂။ Ping Scan (-sn) ကို အသုံးပြုခြင်း
Terminal အသစ်တစ်ခုဖွင့်ပြီး nmap –sn domain name (ဥပမာ၊ nmap –sn tnw87.com) လို့ရိုက်ထည့်ပါ။ ထို့နောက် '1 IP address / 1 Host is up' လို့တွေ့ရလိမ့်မည်။ မတွေ့ရပါက သင်စစ်ဆေးနေသော domain တွင် error တစ်ခုခု ရှိနေသောကြောင့်ဖြစ်ပေလိမ့်မည်။
၃။ (-Pn) command ကို အသုံးပြုခြင်း
Terminal အသစ်တစ်ခုဖွင့်ပြီး nmap –Pn domain name (ဥပမာ၊ nmap –Pn tnw87.com) လို့ရိုက်ထည့်ပါ။ ထို့နောက် '1 IP address / 1 Host is up' လို့ တွေ့ရလိမ့်မည်။ မတွေ့ရပါက သင်စစ်ဆေးနေသော domain တွင် error တစ်ခုခု ရှိနေသောကြောင့်ဖြစ်ပေလိမ့်မည်။
Nmap တွင် feature မြောက်များစွာပါဝင်သည်။ Terminal အသစ်တစ်ခုဖွင့်၍ nmap လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ထို့နောက် သင်အနေဖြင့် Feature မြောက်များစွာတွေ့ရလိမ့်မည်။ တစ်ခုချင်းစီ စမ်းသပ်စစ်ဆေးနိုင်သည်။
What do you think?
Send us feedback!