1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကျနော်တို့အနေဖြင့် php code များကို run ရန် Apache service လိုအပ်ပါသည်။ Xampp သည် Windows တွင် Apache Server အဖြစ် အသုံးနိုင်သည့် အလကားအသုံးပြုနိုင်သော software တစ်ခု ဖြစ်ပါသည်။ ဒီမှာ နှိပ်ပြီး download ပြုလုပ်နိုင်ပါသည်။

Xampp ကို မထည့်သွင်းခင် UAC Level ကို နှိမ့်ချပြီး Firewall သို့မဟုတ် Antivirus ကို disable လုပ်ထားပါ။ Install ပြုလုပ်ပြီးပါက မူလအတိုင်းပြန်၍ထားနိုင်သည်။

 

UAC Level ကို နှိမ့်ချရန်

၁။ Search Box ထဲတွင် uac လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ User Account Control Setting Box ပေါ်လာလိမ့်မည်။

၂။ အနိမ့်ဆုံး Level ကို ရွေးပြီး Ok နှိပ်ပါ။

 

Firewall ကို disable လုပ်ရန်

၁။ Windows နှင့် R Key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာလိမ့်မည်။

၂။ Run Box ထဲတွင် firewall.cpl လို့ရိုက်ထည့်ပြီး Ok နှိပ်ပါ။

၃။ Windows Firewall on or off ကို နှိပ်ပါ။

၄။ Turn off Windows Firewall ကို ရွေးပြီး Ok နှိပ်ပါ။

 

ထို့နောက် download လုပ်ထားသော exe file ကို စ run ပြီး အဆင့်ဆင့်လိုက်နာဆောင်ရွက်ပါ။ Software Install လုပ်နေစဉ်အတွင်း အနည်းငယ် စောင့်ဆိုင်းပါ။

ယခု Xampp Software ကို အောင်မြင်စွာ ထည့်သွင်းပြီးပြီလို့ ယူဆပါသည်။ Xampp Control Panel ကို ဖွင့်ပြီး Apache နှင့် MySQL ကို စတင်ပါ (start နှိပ်ပါ)။ အောက်ပါပုံအတိုင်းတွေ့ရမည်။

 

 

Apache Service ကိုစစ်ဆေးရန်

Web Browser ကို ဖွင့်၍ localhost လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ အောက်ပါပုံအတိုင်းတွေ့ရလိမ့်မည်။

 

 

၁။ php version ကို စစ်ဆေးရန် PHPInfo ကို နှိပ်ပါ။

၂။ MySQL Service ကို စစ်ဆေးရန် phpMyAdmin ကို နှိပ်ပါ။


Share On:

What do you think?

Send us feedback!