ကျနော်တို့အနေနဲ့ တခါတရံတွင် ကျနော်တို့ရဲ့ Computer မှာ သို့မဟုတ် Hard Disk မှာ သို့မဟုတ် Memory Stick မှာ File တွေ ဒါမှမဟုတ် Folder တွေ မပျက်ပဲ ပျောက်နေတတ်ပါသည်။ ဒါမျိူးဖြစ်လာခဲ့ရင် Windows Command အသုံးပြုပြီး ဖြေရှင်းနိုင်ပါသည်။ ဖြေရှင်းပုံဖြေရှင်းနည်းကို အောက်တွင် ဖော်ပြထားပါသည်။
၁။ Windows နှင့် R key ကို တပြိုင်နက်တည်းနှိပ်ပါ။
၂။ Run Box ထဲတွင် cmd လို့ရိုက်ထည့်ပါ။
၃။ သင်စစ်လိုသော drive ကို မည်သည့် drive နာမည်နှင့် ရှိသည်ကို စစ်ဆေးပါ။ စစ်ဆေးပုံစစ်ဆေးနည်းကို အဆင့် ၄ တွင် ဖော်ပြထားသည်။
၄။ Windows နှင့် E Key ကို တပြိုင်နက်တည်းနှိပ်ပါ။ သင်၏ drive သည် မည်သည့် drive letter ဖြင့် တည်ရှိနေသည်ကို တွေ့ရပါလိမ့်မည်။
၅။ သင်၏ drive သည် drive E အနေဖြင့် တည်ရှိနေသည် ဆိုကြပါစို့။ Command Prompt ထဲတွင် E: လို့ ရိုက်ထည့်ပြီး Enter ခေါက်ပါ။
၆။ ထို့နောက် dir/a လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ (သင်၏ drive ထဲတွင် ရှိနေသော File နှင့် Folder အားလုံးကို တွေ့ရှိရလိမ့်မည်။
၇။ attrib –h –s –a –r နှင့် “hidden ဖြစ်နေသော file သို့မဟုတ် folder name" ကို ရိုက်ထည့်ပြီး Enter ခေါက်ပါ။
၈။ ဒီနည်းဖြင့် သင်၏ hidden ဖြစ်နေသော file သို့မဟုတ် folder များကို တစ်ခုချင်းစီ ပြန်လည်ရယူနိုင်ပါသည်။
What do you think?
Send us feedback!