1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကွန်ပျူတာ စဖွင့် ဖွင့်ချင်းတွင် startup program များမြောက်များစွာ run နေပါက ကွန်ပျူတာ အလုပ် လုပ်ရာတွင် နှေးကွေးနေပါလိမ့်မည်။ ထို့ကြောင့် မလိုအပ်သော program များကို disabled လုပ်ထားသင့်သည်။ ထို့ အတူ antivirus ကဲ့သို့သော လိုအပ်သည့် software များသည် windows စတက် တက်ချင်း အလုပ် မလုပ်ဘဲ ရှိနေတတ်သည်။ ထိုအချိန်တွင် လိုအပ်သော software များကို enable လုပ်ပေးသင့်သည်။ Startup program များ enable သို့မဟုတ် disable လုပ်ပုံလုပ်နည်းကို အောက်တွင် ဖော်ပြထားသည်။

၁။ Windows နှင့် R Key ကို တပြိုင်နက်တည်းနှိပ်ပါ။ Run Box ပေါ်လာလိမ့်မည်။

၂။ Run Box ထဲတွင် control လို့ ရိုက်ထည့်ပြီး Ok နှိပ်ပါ။ Control Panel screen ပေါ်လာလိမ့်မည်။

၃။ System နှင့် Security ကို နှိပ်ပါ။

၄။ Administrative Tools ကို နှိပ်ပါ။

၅။ System Configuration ကို နှိပ်ပါ ။ အောက်ပါ screen ပေါ်လာလိမ့်မည်။

 

 

၆။ StartUp Tab ကိုနှိပ်ပါ။

၇။ မလိုအပ်သည့် program များကို disable လုပ်လိုပါက ၎င်းတို့ကို unselect လုပ်ပြီး Apply နှင့် Ok ကို နှိပ်ပါ။

၈။ လိုအပ်သော program များကို enable လုပ်လိုပါက ၎င်းတို့ကို select လုပ်ပြီး Apply နှင့် Ok နှိပ်ပါ။


Share On:

What do you think?

Send us feedback!