1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကျနော်တို့ အနေဖြင့် Browser များတွင် Bookmarks Bar ကို အဘယ်ကြောင့် အသုံးပြုသင့်သနည်း။

ကျနော်တို့ ဝင်ရောက်ကြည့်ရှု့ထားသော website များထဲမှ ကောင်းမွန်ပြီး အသုံးဝင်သည့် website များကို Bookmarks Bar တွင် မှတ်သားထားနိုင်သည်။  ထိုသို့ပြုလုပ်ခြင်းအားဖြင့် နောင်တွင် website များထဲကို ဝင်ရောက်လိုပါက browser ထဲတွင် မည်သည့် စကားလုံးမှ ရိုက်ထည့်စရာမလိုဘဲ အလွယ်တကူ ဝင်ရောက်နိုင်သည်။ ပြုလုပ်ပုံပြုလုပ်နည်းကို အောက်တွင်ဖော်ပြထားသည်။

၁။ Browser ၏ အပေါ် ညာဘက်ထောင့်တွင်ရှိသော အစက် သုံးစက်နှင့်button  ကို နှိပ်ပါ။

၂။ Bookmarks ကိုနှိပ်ပြီး Show bookmarks bar ကို ထပ်နှိပ်ပါ။

၃။ Browser ထဲတွင် Website အမည်တစ်ခု ရိုက်ထည့်ပြီး Enter ခေါက်ပါ။ (ဥပမာ၊ www.tnw87.com)

၄။ Browser ၏ အပေါ်ဘက်ညာဘက်ထောင့်အနီးရှိ Star Button ကို နှိပ်ပါ။

၅။ Edit bookmark box ပေါ်လာလိမ့်မည်။ နာမည်နေရာတွင် မိမိပေးလိုသောနာမည် ရိုက်ထည့်ပြီး Folder နေရာတွင် Bookmarks bar ကိုရွေးပါ။ ထို့နောက် Done ကိုနှိပ်ပါ။

၆။ ယခုသင်သည် www.tnw87.com ကို bookmarks bar တွင်တွေ့ရှိနိုင်ပါသည်။ နောင်တွင် www.tnw87.com သို့ ဝင်ရောက်လိုပါက Browser တွင်မည်သည့် စာမှ ရိုက်ထည့်စာမလိုဘဲ Bookmarks Bar က နေ Click နှိပ်ရုံဖြင့် ဝင်ရောက်နို်င်ပါသည်။


Share On:

What do you think?

Send us feedback!