1 / 3
amogtech
2 / 3
mhk
3 / 3
ccg


Virtualization

Virtualization ဆိုသည်မှာ နှစ်ခုသို့မဟုတ်နှစ်ခုထက်ပိုသော Operating System များကို Physical Machine တစ်ခုထဲတွင် တည်ဆောက်ခြင်းဖြစ်သည်။ Virtualization ကို အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများမှာ လုံခြုံမှုကောင်းခြင်းနှင့် ကုန်ကျစရိတ်သက်သာခြင်းတို့ဖြစ်သည်။ Oracle VirtualBox သည် Virtualization software များထဲမှ ကောင်းမွန်ပြီး အလကား အသုံးပြုနိုင်သည့် software တစ်ခုဖြစ်သည်။ ဒီမှာ နှိပ်ပြီး download ပြုလုပ်နို်င်သည်။ Download လုပ်ပြီးပါက install လုပ်ပါ။

 

Ubuntu

Ubuntu သည် အလကားအသုံးပြုနို်င်သော Operating System တွေထဲက ကောင်းမွန်သော Operating System တစ်ခုဖြစ်သည်။ ဒီမှာ နှိပ်ပြီး download ပြုလုပ်နိုင်သည်။

 

VirtualBox တွင် Ubuntu ကို install ပြုလုပ်ခြင်း

၁။ VirtualBox ကို စတင်ခြင်း



- VirtualBox ကို စဖွင့်ပြီး New ကိုနှိပ်ပါ။

 

၂။ Operating System နှင့် နာမည် ရွေးချယ်ခြင်း



- Name box ထဲတွင် နာမည်ရိုက်ထည့်ပါ။ (ဥပမာ၊ T N W)

- Type box ထဲတွင် operating system ကို ရွေးချယ်ပါ။ (Linux ကိုရွေးပါ)

- Version box မှာ မိမိ install လုပ်မည့် version ကိုရွေးချယ်ပါ။

- ထို့နောက် Next ကို နှိပ်ပါ။

 

၃။ Memory Size (RAM) ကို သတ်မှတ်ခြင်း



 - မိမိအသုံးပြုလိုသော RAM ပမာဏကို ရွေးခြယ်ပါ။

- Next ကို နှိပ်ပါ။

 

၄။ Virtual Hard Disk ပြုလုပ်ခြင်း



- Create a virtual hard disk now ကို ရွေးချယ်ပါ။

- VDI ကိုရွေးပြီး Next ကိုနှိပ်ပါ။

- Dynamically allocated ကိုရွေးပြီး Next ကိုနှိပ်ပါ။

 

၅။ File location နှင့် size ကို ရွေးခြယ်ခြင်း



- Virtual hard disk ၏ ပမာဏကို ရွေးခြယ်ပါ။

- Create ကိုနှိပ်ပါ။

 

၆။ Virtual Machine ကို စတင် Run ခြင်း




 - Start ကို နှိပ်ပါ။




 - သင် download ပြုလုပ်ထားသည့် နေရာကို browse လုပ်ပါ။

- Start ကို ထပ်နှိပ်ပါ။




- ဘာသာစကားကို ရွေးချယ်ပြီး Install Ubuntu ကိုနှိပ်ပါ။

- Continue ကို နှိပ်ပါ။

- သင် create လုပ်ထားသော virtual hard disk တွင် ဘာမှမရှိသောကြောင့် Erase disk and install Ubuntu ကို ရွေးချယ်ပါ။

- Install Now ကို နှိပ်ပါ။

- Continue ကို နှိပ်ပါ။

- Location ကို ရွေးချယ်ပြီး Continue ကိုနှိပ်ပါ။

- Keyboard Layout ကိုရွေးပြီး Continue ကို နှိပ်ပါ။



- နာမည်နှင့် password ပေးပါ။

- Continue ကိုနှိပ်ပါ။

- ယခု Ubuntu OS ကို install ပြုလုပ်နေပါပြီ။ ခဏစောင့်ဆိုင်းပါ။

- ပြီးပါက Restart Now ကို နှိပ်ပါ။



 ယခု သင်သည် VirtualBox တွင် Ubuntu OS ကို အောင်မြင်စွာ install ပြုလုပ်ပြီးဖြစ်သည်။


Share On:

What do you think?

Send us feedback!