1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကျနော်တို့ အနေဖြင့် php code များကို run ရန်  Apache Service လိုအပ်ပါသည်။ သင်၏ Ubuntu PC တွင် Apache Service ထည့်သွင်းပြီးပြီဟု ယူဆပါသည်။ အကယ်၍ မထည့်သွင်းရသေးပါက ဒီမှာ နှိပ်ပါ။ ထို့နောက်အောက်တွင်ဖော်ပြထားသည့်အတိုင်း လုပ်ဆောင်ပါ။

၁။ Open Folder Location ကို နှိပ်ပါ။

၂။ htdoc ကို double click နှိပ်ပါ။

၃။ htdoc ထဲတွင် Right Click နှိပ်ပြီး Open in Terminal ကို နှိပ်ပါ။

၄။ Terminal ထဲတွင် nano လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ထို့နောက် အောက်ပါ code များကို ရိုက်ထည့်ပါ။

    <?php

    echo 'Welcome to TNW';

    ?>

၅။ Ctrl Key နှင့် O Key ကို တပြိုင်နက်တည်းနှိပ်ပါ။

၆။ File name ပေးပြီး Enter ခေါက်ပါ။ (ဥပမာ၊ test.php)

၇။ ထွက်ရန် Ctrl Key နှင့် X Key ကို တပြိုင်နက်တည်းနှိပ်ပါ။

၈။ Web browser ဖွင့်၍ localhost/test.php လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ ထို့နောက် Welcome to TNW လို့ တွေ့ရလိမ့်မည်။ ယခု သင်သည် Ubuntu တွင် ပထမဆုံး php file ကို ပြုလုပ်ပြီးဖြစ်သည်။


Share On:

What do you think?

Send us feedback!