1 / 3
amogtech
2 / 3
mhk
3 / 3
ccg


ကျနော်တို့အနေဖြင့် php code များကို run ရန် Apace Service လိုအပ်သည်။ သင့်အနေဖြင့် သင်၏ Windows Computer တွင် Apace Service ကို ထည့်သွင်းပြီးပြီဟု ယူဆပါသည်။ အကယ်၍မထည့်သွင်းရသေးပါက ဒီမှာ နှိပ်ပါ။

php code များကို ရေးရန် Text Editor တစ်ခုလိုအပ်သည်။ သင့်အနေဖြင့် မည်သည့် Text Editor မျှ မရှိသေးပါက ဒီမှာ နှိပ်ပါ။

အထက်ပါ အဆင့်များကို ပြုလုပ်ပြီးပါက php code များကို စတင်ရေးသားနိုင်ပါသည်။

၁။ သင်၏ Text Editor ကို ဖွင့်ပြီး File အသစ် တစ်ခု ပြုလုပ်ပါ။ (ဒီဥပမာတွင် ConText ကို အသုံးပြုသည်)

၂။ အောက်ပါပုံတွင် ပြထားသည့်အတိုင်း Text files အစား PHP ကို ရွေးပါ။

 

၃။ ၎င်းဖိုင်အား C > xampp > htdoc ထဲတွင် test.php ဆိုပြီး သိမ်းပါ။

၄။ test.php ဖိုင်ထဲတွင် အောက်ပါ code များ ရေးပါ။

    <?php

    echo 'Welcome to TNW!';

    ?>

၅။ ၎င်း ဖိုင်ကို သိမ်းပါ။

၆။ Web Browser ကို ဖွင့်၍ localhost/test.php လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ Welcome to TNW! ဆိုပြီး တွေ့ရလိမ့်မည်။

ယခု သင်သည် Windows တွင် ပထမဦးဆုံးသော php file ကို အောင်မြင်စွာ ပြုလုပ်ပြီးဖြစ်သည်။


Share On:

What do you think?

Send us feedback!